စံပြဈေး လူကူးခုံးကျော်တံတားပေါ်က လူငယ်တစ်ဦး ခုန်ချ
ရန်ကုန်မြို့၊ သဃ်န်းကျွန်းမြို့နယ် စံပြဈေး လူကူးခုံးကျော်တံတားပေါ်က လူငယ်တစ်ဦး ခုန်ချတယ်လို့ Medical လူငယ်များ လူမှုကူညီရေးအသင်းထံက သိရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက အသက် ၂၂နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဟာ အဲဒီတံတားပေါ်က ခုန်ချခဲ့ပြီး အသက်အန္တရာယ်တော့ မရှိဘူးလို့ Medical လူငယ်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
“ဒီနေ့နေလယ် ၃နာရီလောက်က သတင်းရလို့ သွားကူညီခဲ့ရတာဗျ။ အသက်က ၂၂နှစ်၊ အမျိုးသားပါ။ စံပြဆေးရုံကို ပို့ထားပါတယ်။ခြေကျိုးဒဏ်ရာပဲရပါတယ်။”ဟု သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ရက်ကလည်း အသက် ၁၉နှစ်အရွယ် မိန်းကလေးတစ်ဦး လှည်းတန်းခုံးကျော်တံတားပေါ်က ခုန်ချမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်တုန်းကလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ များသောအားဖြင့် ရေထဲခုန်ချမှုတွေ ဖြစ်ပါတယ်။
ဓာတ်ပုံ – Medical လူငယ်များ လူမှုကူညီရေးအသင်း