ရသရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူသုံးဦးကို သတ်ဖြတ်သွား

Author လဂွန်းအိမ်
Categories
Published on Apr 08, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနှင့်ပျူစောထီးများက သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ကြောက်လန့်ထွက်ပြေးသည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီး ကျေးရွာအား မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဧပြီ (၈)ရက်နေ့ ၊နံနက် (၅)နာရီခန့်တွင် ရသာရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းကို ကြောက်လန့်ထွက်ပြေးသည့် ဒေသခံများဖြစ်သည့် ဦးဉာဏ်ဖေ အသက် (၆၀)နှစ်၊ ဖရင်ရွာမှ ဦးတင်မျိုးအောင် အသက် (၄၀)နှစ်နှင့် ၎င်း၏ သားဖြစ်သူတို့ကို ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

”ဖောကားသုံးစီးအပြည့်၊ သူ့တို့‌ ​ေ-ွးကားဖောကားသုံးကားပေါင်းရင် တစ်ရာကျော်လောက်ပါတယ်။ ဖက်ရင်းရွာက သားအဖနှစ်ယောက် ကို  ထိပ်တိုက်တွေ့လို့ဆိုပြီး ပစ်သတ် သွားတာ” ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

 

ထို့အပြင် ကျေးရွာကို မီးတင်ရှို့ခဲ့ခြင်းကြောင့် အိမ်ခြေ ငါးရာကျော်ရှိသည့်အနက် အိမ်ခြေ သုံးရာနီးပါးမှာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံများမှာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်နေရလျှက်ရှိကြောင်း သိရသည်။

 

ရုပ်သံ – ပေးပို့