လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Mar 08, 2025

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ကို စစ်ကောင်စီက မတ်လ ၆ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

မူးမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာနဲ့ မကျည်းတောကျေးရွာကို ဂျက်ဖိုက်တာယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နေအိမ်ငါးလုံး ထိမှန်ပျက်စီးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လယ်ဒိုမြို့နယ် အင်းနက်ကျေးရွာနဲ့ တရေးစီလော် (နရွဲပင်) ကျေးရွာကိုလည်း မတ်လ (၅)ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – KNU

Related News

Depend on news