TNLA ထိန်းချုပ် နယ်မြေတွင် တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၀)ဦးကျော်ဖမ်းဆီး နိုင်ခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဆန် နဲ့ နမ့်ခမ်း ဒေသတွေမှာ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦး နဲ့ ရောင်းဝယ်သူ (၁၃) ဦး ကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ကျောက်မဲဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၃၈)ဦး နဲ့ ရောင်း၀ယ်သူ (၄)ဦး၊ မိုးကုတ်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦး နဲ့ ရောင်း၀ယ်သူ (၂) ဦး ၊ ကွတ်ခိုင်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦး နဲ့ ရောင်း၀ယ်သူ (၁)ဦး၊ နမ့်ခမ်းဒေသမှာ သုံးစွဲသူ (၅၄)ဦး နဲ့ ရောင်း၀ယ်သူ (၆)ဦး၊ နမ့်ဆန်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၈) ဦး ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို
ပိုဆောင်ပေးထားပြီး ပြစ်မှုကြီးတဲ့သူတွေကိုတော့ အကျဉ်းထောင်အတွင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
၂၀၂၄ခုနှစ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်မှုနယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ နဲ့ သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦး ကို
ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။