လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးကို တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့ NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ရဲ့ ဒုဝန်ကြီးဖြစ်သူ ခွန်ဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ မတ်လ ၇ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ထုတ်ပြန်လာပါတယ်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အနားယူခွင့်ပြုတယ်လို့ အမိန့်စာထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘာကြောင့် အနားယူခွင့်ပေးတယ်ဆိုတာကိုတော့ မပါဝင်ပါဘူး။
ခွန်းဗဟန်းထန်ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံမှာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သလို ကယန်းပြည်သစ်ပါတီအတွက် ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး တာဝန်ခံအဖြစ် ကိုယ်စားပြုဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ramkhamhaeng တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ရထားသူတယောက် ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ No Vote Campaign လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က NUG ကာကွယ်ရေးကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝင် ဦးနိုင်ထူးအောင်က ရာထူးကနေနှုတ်ထွက်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
ဓာတ်ပုံ NUG