BPLA တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်ပါက တပ်ဖွဲ့ကို တိုက်ရိုက်တိုင်ကြားနိုင်

Author ဘုန်းကျော်
Categories
Published on Feb 07, 2025

ဗမာ့တိုင်းရင်းသားလွတ်မြောက်ရေးတပ်မ‌တော် (BPLA) တပ်ဖွဲ့၀င်တွေ အနေနဲ့ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တာ ၊ လူ့အခွင့်‌ရေးချိုးဖောက်တာ ၊ စစ်ဘက်ဆိုင်ရာ ကျင့်၀တ်စည်းကမ်းဖောက်ဖျက်တာတွေကို လုပ်ဆောင်ပါက ပြည်သူတွေအနေနဲ့ ဗမာ့တိုင်းရင်းသားလွတ်မြောက်ရေး တပ်မတော် ကွပ်ကဲရေးရုံးကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဒီကနေ့ ဖေဖော်၀ါရီ (၇)ရက်နေ့ မှာ ထုတ်ပြန်လာပါတယ်။

ပြည်သူတွေအနေနဲ့ ကွပ်ကဲရေးရုံးရဲ့ Email ဖြစ်တဲ့ bplapoliticaloffice@gmail.com ၊ Telegram အကောင့်ဖြစ်တဲ့ @bpla-politicaloffice ၊ Signal အကောင့်ဖြစ်တဲ့ bpla-politicaloffice.1 တွေကို တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

ဗမာ့တိုင်းရင်းသားလွတ်မြောက်ရေးတပ်မတော် အနေနဲ့ ဖေဖော်၀ါရီ (၁) ရက်မှာ မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းပြီး မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ မဲပလီ ဗျူဟာစခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓါတ်ပုံ – BPLA