ကချင်၊ချင်း၊ရှမ်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ညအပူချိန် အနည်းငယ်ကျဆင်းနိုင် “ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Feb 07, 2025

“ညအပူချိန်များ”

 

ညအပူချိန်များမှာ ရခိုင်ပြည်မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မွန်ပြည်တို့မှာ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်ထက် ၄ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၄ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၆ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊  စစ်တွေမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့နဲ့ မကွေးမြို့တို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၉ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပဲခူးမြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့နဲ့ ဘားအံမြို့တို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၂၁ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင် အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ