ရခိုင်၊ ဗျိုင်းဖြူရွာ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဗိုလ်ချုပ် ဇော်မင်းထွန်း ဘာပြောလဲ?

Author ကိုထားဝယ်
Categories
Published on Jun 06, 2024

အာရက္ခတပ်တော် AA က ရခိုင်ပြည်၊ စစ်တွေမြို့နယ် မြောက်ဘက် ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်တွေ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၇၆ လောင်းအထိတွေ့ရှိခဲ့တယ်လို့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ တုံ့ပြန်ပြောကြားမှုတွေ၊ စွပ်စွဲပြောဆိုမှုတွေအပါအဝင် သူ့အပြောတွေကို CJ Platform က ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

(၁) မဟုတ်မမှန်သတင်းလို့ဆို၊

(၂) ကံပြင်ရွာဟောင်း၊ ရွာသစ်နဲ့ ဗျိုင်းဖြူရွာတွေမှာ AA တွေ ခိုအောင်းပြီး စစ်တွေမြို့ထဲကို Drone နဲ့ Drop Bomb လာချတာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ အရင်ထဲက လုပ်နေတယ်လို့ဆို၊

(၃) အဲဒီရွာတွေမှာ AA တပ်ဖွဲ့ဝင်တွေရောက်နေတယ်ဆိုတဲ့ မြေပြင်သတင်းပေးချက်အရ စစ်ကောင်စီအနေနဲ့ မေလ ၂၉ ရက်မှာ ဗျိုင်းဖြူကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့၊

(၄) ဗျိုင်းဖြူရွာသားမဟုတ်တဲ့ လူသုံးယောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့သေနတ်ကို လုယူပြီးရန်ပြုဖို့ကြိုးစား၊

(၅) ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်သတ်လို့ သေနတ်လုယူတဲ့ အမျိုးသားသုံးဦးသေဆုံး၊

(၆) မသင်္ကာသူ လူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းစစ်ဆေးနေ၊

(၇) ဗျိုင်းဖြူရွာမှာ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုးမဖြစ်ခဲ့ဘဲ AA ရဲ့ ဝါဒဖြန့်မှုသက်သက်လို့ဆို၊

(၈) ဘူးသီးတောင်ကိစ္စကို ဖုံးကွယ်ချင်လို့ AA က ဝါဒဖြန့်တာလို့ဆို၊

 

(၉) AA က လူမျိုးရေးမုန်းတီးရေးလုပ်ဆောင်နေတဲ့အဖွဲ့လို့ စွပ်စွဲ၊

(၁၀) မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းလို့စွပ်စွဲ၊

နောက်ဆုံးမှာတော့

“တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများ၊ ပြည်သူများအနေနဲ့ သူတို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ ရခိုင်တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ AA အဖွဲ့ကို သတိရှိဖို့လိုပါတယ်။ ဒီဟာတွေကို ဆောင်ရွက်နေခြင်းဟာ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်သူလူထု ကျွန်တော်တို့ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေပဲဖြစ်လို့ အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့ သတိပေး ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – စစ်ကောင်စီ