သပိတ်ကျင်းမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူ

Author CJ Platform
Categories
Published on Jun 06, 2025

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျက်ပင်ရိုးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဇွန် ၆ရက်နေ့  ညနေ ၅ နာရီကျော်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တံတားဦးလေဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းရှိကျောင်းဆောင်တစ်ခုပျက်စီးခဲ့ကာ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ အရပ်သားနေထိုင်ရာ နေရာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပကဖက နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်

Related News

Depend on news