“စနေညရဲ့ စာတေးသံ”

Published on Mar 06, 2025

ပဋိပက္ခကာလကြားမှာ မောပန်းနေကြသူတွေအတွက် CJ Platform က “စနေညရဲ့ စာတေးသံ” ဆိုတဲ့ ကဏ္ဍသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

 

အပတ်စဉ် စနေနေ့ ည ၉နာရီမှာ မောပန်းနေကြတဲ့ ပြည်သူတွေ အပန်းဖြေနိုင်ဖို့အတွက် ရသစာပေဝတ္ထုအချို့ကို CJ Platform ရဲ့ Facebook ၊ YouTube ၊ Website တို့ကနေတဆင့် ဖတ်ကြားတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

 

“စနေညရဲ့ စာတေးသံ” အစီစဉ်လေးဟာ ပဋိပက္ခတွေကြား နစ်မွန်းပြီး ရသစာပေတွေနဲ့ အလှမ်းဝေးခဲ့ကြရတဲ့ စာဖတ်သူတွေ၊ စာအုပ်တစ်အုပ်ဝယ်ရဖို့ထက် မိသားစုဝမ်းရေးအတွက် ပိုမိုအားထုတ်နေရတဲ့ စာဖတ်သူတွေအတွက် ရည်ရွယ်ပါတယ်။

 

ယခုတစ်ပတ် “စနေညရဲ့ စာတေးသံ” အစီအစဉ်လေးမှာတော့ စာရေးဆရာ ဆရာဘိုဘိုသန့်ဇင်ရဲ့  “ခတ်ကျွဲ၏ ချိုရာ”ဆိုတဲ့ ဝတ္ထုတိုလေးကို ပထမဆုံး တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

 

ဆရာဘိုဘိုသန့်ဇင်ဟာ အမှောင်နဲ့မလွတ်တဲ့ကြယ်တွေ၊ မိုးမိနေတဲ့ ထီးကလေးတွေ၊ တဖြေးဖြေးနဲ့ကြွေ စတဲ့ လုံးချင်းစာအုပ်တွေကို ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာတော့ အညာမြေတပ်ပေါင်းစုမှာ ကျရာတာဝန်ကို ထမ်းရွက်ရင်း ရသစာပေများစွာကို ရေးသားနေသူပဲဖြစ်ပါတယ်။

 

အားလုံးပဲ စနေနေ့ညမှာ “စနေညရဲ့ စာတေးသံ”ကို နားဆင်ပြီး အပန်းဖြေနိုင်ဖို့အတွက် စောင့်မျှော်နားဆင်ပေးကြပါဦး။