မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန် ၂၀ ဒီဂရီအောက်အထိကျဆင်းလာ “ဒီကနေ့ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန် ”
ရခိုင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီ စင်တီဂရိတ်၊ ကချင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီ စင်တီဂရိတ်လျော့နည်းခဲ့တယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ ညအပူချိန်တွေ အနည်းငယ်လျော့ကျလာမယ်လို့ ကမ္ဘာ့မိုးလေဝသခန့်မှန်းချက်တွေထုတ်ပေးနေတဲ့ Windy ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
“ပြည်နယ်နဲ့ တိုင်းရှိ မြို့ကြီးတွေရဲ့ ညအပူအချိန်များ”
ဒီကနေ့ညနေ ၆ နာရီကနေ မနက်ဖြန်မနက် ၆ နာရီအထိ ရန်ကုန်မြို့မှာ ၁၉ ကနေ ၂၅ ဒီဂရီစင်တီဂရိတ်အထိ၊ နေပြည်တော်မှာ ၁၆ ကနေ ၂၃ ဒီဂရီစင်တီဂရိတ်အထိ၊ မန္တလေးမြို့မှာ ၁၈ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ၊ မြစ်ကြီးနားမြို့မှာ ၁၅ ကနေ ၂၁ ဒီဂရီစင်တီဂရိတ်အထိ၊ လွိုင်ကော်မြို့မှာ ၁၂ ကနေ ၂၀ ဒီဂရီစင်တီဂရိတ်အထိ၊ ဘားအံမြို့မှာ ၁၈ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ၊ ဟားခါးမြို့မှာ ၇ ကနေ ၁၃ ဒီဂရီစင်တီဂရိတ်အထိ၊ တောင်ကြီးမြို့မှာ ၁၀ ကနေ ၁၇ ဒီဂရီစင်တီဂရိတ်အထိ၊ ပဲခူးမြို့မှာ ၁၇ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ၊ ပုသိမ်မြို့မှာ ၁၈ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ၊ မုံရွာမြို့မှာ ၁၇ ကနေ ၂၅ ဒီဂရီစင်တီဂရိတ်အထိ၊ မကွေးမြို့မှာ ၁၇ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ၊ ထားဝယ်မြို့မှာ ၁၈ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်အထိ အသီးသီးရှိနိုင်တယ်လို့ Windy မှာ ဖော်ပြထားပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ချင်းပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။