ဒီမိုကရေစီလိုလားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနကျင်းပ

Author ကိုထားဝယ်
Categories
Published on Jun 05, 2024

ဒီမိုကရေစီလိုလားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးရဲ့ နောက်ဆုံးဈာပနပွဲကို ယနေ့ ဇွန်လ ၅ ရက်နေ့မှာနေ့လယ်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

သူရဲကောင်းဘွဲ့ရခဲ့သူကြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ နာယကကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးတင်ဦး အသက်(၉၈)နှစ်ရဲ့ ရုပ်ကလာပ်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အမှတ်(၃၀)၊​​ ​​​​​​​ဗောဓိရိပ်သာလမ်းက သူ့ရဲ့နေအိမ်ကနေ ရေဝေးသုသာန်ကို ပို့ဆောင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကကြီးရဲ့ ဈာပနကို ဒီနေ့ ၂ နာရီမှာ စတင်ခဲ့ပြီး ညနေ ၄ နာရီမှာ ဂူသွင်းသင်္ဂြိုလ်မှာဖြစ်ပါတယ်။