စစ်ကော်မရှင် ပြန်ကြားရေး ဝက်ဘ်ဆိုက်ရဲ့ အစိုးရအဖွဲ့ အမည်စာရင်းမှာ ကိုးကန့် နဲ့ ’ဝ’ ဒေသတွေကို ဖယ်ရှား

စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန တရားဝင်ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်းမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းတွေကို ဖယ်ရှားလိုက်ကြောင်း CJ Platform က စိစစ်တွေ့ရှိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒကစလောက်ကိုင် တိုက်ပွဲအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံထားရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို စစ်ကော်မရှင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကို CJ Platform က သတင်းရေးသား ဖော်ထုတ်ခဲ့အပြီးမှာ အခုလို ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့ ဇွန်လိုင် ၃၁ မှာ စစ်ကော်မရှင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုနယ်မြေ၊ တိုင်း/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တွေဖွဲ့စည်းမှုမှာတော့ ကိုးကန့် နဲ့ ‘ဝ’ ဒေသတွေကိုထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဩဂုတ် ၁၄ရက်နေ့အထိ စစ်ကော်မရှင်က ထုတ်ပြန်ထားတဲ့ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခတ္တဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နဲ့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်လို့ ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ (စစ်ကော်မရှင်ရဲ့ ဖော်ပြမှုကို ကွန်းမန့်မှာ ကြည့်ရှုနိုင်ပါတယ်)
CJ Platform ရဲ့ သတင်းတင်ဆက်မှုအပြီး ဒီကနေ့ ဩဂုတ် ၁၈ရက်နေ့မှာတော့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝက်ဘ်ဆိုက်ကနေ သူတို့ရဲ့ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့စာရင်းကနေ အဆိုပါဒသနှစ်ခုကို ဖယ်ရှားလိုက်တာပါတယ်။ စစ်ကောင်စီ ဝက်ဘ်ဆိုက်ကနေ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ရုံးလို့ အမည်ပြောင်းလဲထားတဲ့ ဝက်ဘ်ဆိုက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ ဖယ်ရှားထားပြီး၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ အဖြစ် ဦးညီနပ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ရက်နေ့ကစတင်ပြီ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်ဟာ သူတို့ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒတွေအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုပါ ထည့်သွင်းထားပေးမဲ့ သူတို့ရဲ့ အစိုးရအဖွဲ့အဖြစ်တာဝန်ပေးတဲ့ စာရင်းတွေကနေ ဖယ်ရှားလိုက်တာပါ။
ဓာတ်ပုံ – The kokang