ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု ပြန်လည်လျော့ကျ “ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“လေထုညစ်ညမ်းမှုအခြေအနေအဆင့်”
လေထုညစ်ညမ်းမှု အဆင့် ၂ အထိ ရောက်သွားခဲ့တဲ့ ရန်ကုန်မြို့ဟာ မနေ့က ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၂ နာရီခန့်မှာ အဆင့် ၁၄ ကို ပြန်လျော့ကျသွားပြီဖြစ်တယ်လို့ မိုလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
ဒါပေမဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ရှိနေဆဲဖြစ်ပြီး လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက် CO 2 ပါဝင်မှုအခြေအနေမြင့်တက်နေဆဲဖြစ်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
“ရာသီဥတုအခြေအနေ”
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲမှာလာမယ့် ဖေဖေါ်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြူဆိုင်းတဲ့ရာသီဥတုအခြေအနေ ဖြစ်နိုင်မှာဖြစ်ပြီး မန္တလေးတိုင်းမှာတော့ မြူဆိုင်းနိုင်မဲ့အခြေအနေ မရှိသေးဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အခုနှစ် မြူဆိုင်းတဲ့အခြေအနေဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ကထက် အနည်းငယ်စောနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေယာဉ်တွေအပြင်၊ သင်္ဘောတွေနဲ့ အမြန်လမ်းပေါ်က ခရီးသွားတွေပါ မနက်စောစောအချိန်မှာ သတိထားရမဲ့ ရာသီဥတုအခြေအနေဖြစ်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
“ညအပူချိန်များ”
ညအပူချိန်များမှာ တနင်္သာရီတိုင်းနဲ့ ကရင်ပြည် တို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၃ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့နဲ့ လွိုင်ကော်မြို့တို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့၊ ဟုမ္မလင်းမြိူ့နဲ့ ကျိုင်းတုံမြို့တို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၆ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့နဲ့ ပဲခူးမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့နဲ့ ထားဝယ်မြို့တို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ