ကန်ချနဘူရီမှာ တရားမဝင်ရွှေ့ပြောင်းမြန်မာ ကိုးဦး ကျည်ဆန် သုံးထောင်နီးပါးနဲ့ အတူ ဖမ်းမိ

Author CJ Platform
Categories
Published on Dec 04, 2024

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းက မွမ်ခရိုင်မှာ တရားမဝင်ရွှေ့ပြောင်း မြန်မာကိုးဦးနဲ့အတူ သူတို့ နေထိုင်နေတဲ့ နေအိမ်အတွင်းကနေ ကျည်ဆန် သုံးထောင်နီးပါးကိုပါ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။

 

ရဲတပ်ဖွဲ့တွေဟာ မွမ်ခရိုင် ဘန်ခေါင်မြို့နယ်ထဲက ဘန်ခေါင်- ဟွိုင်နမ်ခေါင် လမ်းမတစ်လျှောက် ကင်းလှည့်နေစဉ်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေလို့ သံသယရှိသူ လူတစ်စု ပုန်းအောင်းနေတာကို ည ၇ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

သူတို့တွေကို ခေါ်ယူစစ်ဆေးကြည့်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး လိုအပ်တဲ့ နေထိုင်ခွင့် အထောက်အထားတွေ ပြသနိုင်တာမရှိတာကြောင့် စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သူတို့တွေဟာ ဖမ်းဆီးမခံရခင် ဘန်ခေါင်ရပ်ကွက်က နေအိမ်တစ်လုံးမှာ နေထိုင်ခဲ့တယ်လို့ ထွက်ဆိုတဲ့အတွက် အဲဒီနေအိမ်ကိုပါ ဝင်ရောက်ရှာဖွေခဲ့ရာမှာ ကျည်ဆန် ၂,၇၅၀ ပါတဲ့ ကတ်ထူပုံး လေးပုံးကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

 

ဒိန်း (Daeng) လို့ အမည်ဖော်ပြထားတဲ့ သံသယ တရားခံတွေထဲက တစ်ဦးကို တရားမဝင် ရွှေ့ပြောင်းသွာလာသူတွေ နိုင်ငံအတွင်း ဝင်ရောက်ဖို့ အကူအညီပေးမှု၊  ရှောင်တိမ်းဖို့ ကူညီမှု၊ တရားမဝင် ခဲယမ်းမီးကျောက်တွေကို လက်ဝယ်ထားရှိမှုတို့နဲ့ စွဲချက်တင်ခဲ့ပြီး တခြားသူတွေကိုတော့ တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Piyarach Chongcharoen

 

ပုံစာ- ဖမ်းဆီးခံရတဲ့ တရားမဝင်ရွှေ့ပြောင်း မြန်မာ ကိုးဦးနဲ့ ကျည်ဆန်တွေကို တွေ့ရစဉ်

ကိုးကား- Bangkok Post

 

Related News

Depend on news