ရေကြည် ၃၄၄ အမြောက်တပ်က စစ်သားတွေ ထွက်ပြေး၊ တစ်ဦးအပစ်ခံရပြီး သေဆုံး

Author CJ Platform
Categories
Published on Jul 09, 2025

ဧရာဝတီတိုင်း ရေကြည်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ၃၄၄ အမြောက်တပ်ကနေ စစ်ကောင်စီတပ်သား ၅ဦးခန့်ဟာ ဇူလိုင်လ ၈ရက်နေ့ ညပိုင်းမှာ ထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ထွက်ပြေးတဲ့ စစ်သားတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးရာမှာ ရေကြည်မြို့နဲ့ အသုတ်မြို့အကြား ကျေးရွာတစ်ခုအနီးမှာ ထွက်ပြေးသွားတဲ့ စစ်သားတွေထဲက တစ်ဦးကို စစ်ကောင်စီတပ်သားတွေက အသေပစ်သတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

“တစ်ဦးကို အသေပစ်ပြီး ဖမ်းလိုက်တယ်၊ ကျန်သူတွေ လွတ်မြောက်သွားပါတယ်”လို့ အဲဒီအကြောင်းကို သိရှိထားသူ တစ်ဦးက ပြောပါတယ်။

 

အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းအဖွဲ့က ဧရာဝတီတိုင်းတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့အပြီးမှာ တိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ စစ်မတိုက်လိုတာကြောင့် ထွက်ပြေးတိမ်းရှောင်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့ပါတယ်။

 

၃၄၄အမြောက်တပ်ကနေ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးမှုဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်စတင်အပြီးနောက်ပိုင်း လစဉ်ဆိုသလို ဖြစ်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။