စစ်ကောင်စီက ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေ ဆက်ဆောက်နေ

Author CJ Platform
Categories
Published on Mar 31, 2025

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မြန်မာတစ်နိုင်ငံလုံး ပူးဆွေးဝမ်းနည်းနေရပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေပါ ကောင်းမွန်စွာ မလည်ပတ်နိုင်သေးသည့် အချိန်တွင် စစ်ကောင်စီက ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေကို ဆက်လက် ဆောက်လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်နှစ်ခုနဲ့ ၂၇လမ်းထိပ်က မဏ္ဍပ်တစ်ခုကို စစ်ကောင်စီက ဆက်လက် ဆောက်လုပ်နေတာပဲ ဖြစ်ပါတယ်။

“ညကအထိ မဏ္ဍပ်တွေ ဆက်ဆောက်နေတယ်၊ ရန်ကုန်တစ်မြို့လုံး မီးတွေပျက် ရေတွေပျက်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတယ်၊ စစ်ကိုင်း၊မန္တလေး၊တောင်ငူ၊နေပြည်တော်မှာ အခုထိ ပိတ်မိနေသူတွေ မကယ်နိုင်ဘူး၊ စစ်အုပ်စုရဲ့ လုပ်ရပ်က ကမ္ဘာတွင်တယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ကြီးတွေ ဆောက်လုပ်နေပေမဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး လူစားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ မဏ္ဍပ်တွေကို ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။

 

စစ်ကောင်စီဟာ စစ်ကိုင်းမြို့အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ဖို့ လာရောက်တဲ့ လူမှုကူညီရေးအဖွဲ့တွေကိုလည်း ဝင်ရောက်ခွင့် မပြုခဲ့သလို ၊ နိုင်ငံတကာသတင်းတွေကို သတင်းရယူခွင့်လည်း မပြုထားပါဘူး။

 

ဓာတ်ပုံ – CJ Platform