စစ်ကောင်စီက ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေကို ဝင်ရောက်စစ်ဆေး၊ ဆိုင်အတွင်းရှိ ပစ္စည်းစာရင်းနဲ့ စျေးနှုန်းများကို တောင်းယူသွား

Author CJ Platform
Categories
Published on Mar 31, 2025

စစ်ကောင်စီက ရန်ကုန်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေကို မတ်လ ၃၀ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေစာရင်းနဲ့ စျေးနှုန်းတွေကို တောင်းယူသွားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

ဘိလပ်မြေ၊ သံ၊ ပိုက်နဲ့ ပစ္စည်းအချို့ကို ဆိုင်အတွင်းရောင်းချနေတာတဲ့ ပစ္စည်းတွေသာမက ဂိုထောင်တွေမှာပါ သိုလှောင်ထားမှု စာရင်းတွေကို ရယူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

“အဓိက ဘိလပ်မြေပါ၊ အုတ်၊သဲ၊ကျောက်သမားတွေဆီကိုလည်း သွားတယ်ပြောတယ်၊ ရောင်းစျေးအမှန်ကို ပြောခိုင်းတယ်၊ စျေးမတက်စေချင်ဘူးလို့ ပြောသွားတယ်”လို့ ဆောက်လုပ်ရေးပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးသော ငလျင်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မြို့ကြီး ၁၀ မြို့ထက် မနည်းမှာ ကယ်ဆယ် ကူညီရေးတွေ အရေးပေါ် လိုအပ်နေခဲ့ပါတယ်။

 

မြန်မာပြည်တွင်းမှာ ဇန်နဝါရီလ အစောပိုင်းကတည်းက စတင်ပြီး ဘိလပ်မြေအိတ်တွေ ရှားပါးပြတ်လပ်နေခဲ့တာကြောင့် စစ်ကောင်စီဟာ နိုင်ငံခြားကနေပါ တင်သွင်းပေးခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်