အလွမ်းကဖီးဆိုင်လေးကို စွန့်ခွာသွားတဲ့ ဂျေညီညီ

Author CJ Platform
Categories
Published on Mar 31, 2025

မြန်မာ့ဂီတလောကမှာ တေးရေး၊တေးဆိုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ အဆိုတော် ဂျေညီညီဟာ ဒီကနေ့ မတ်လ ၃၁ရက်နေ့ မနက် ၄နာရီခွဲမှာ ကွယ်လွန်သွားခဲ့တယ်လို့ အနုပညာအသိုင်းအဝန်းဆီက သိရပါတယ်။

 

အဆိုတော် ဂျေညီညီကွယ်လွန်ခဲ့တဲ့ အကြောင်းကို ဂျေညီမလေးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း အသိပေးထားပါတယ်။

ဂျေညီညီရဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး မိသားစုက ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

 

ဂျေညီညီအလွမ်းကဖီး၊ အချစ်မိုး၊ လူပျိုကြီးပဲလုပ်တော့မယ်၊ ပလက်ဖောင်းရှိုး၊ အရိပ်ကလေး၊ ချစ်မိနေပြီ စတဲ သီချင်းပေါင်းများစွာကို သီဆို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news