ဝန်းရံပေးတဲ့ ပြည်သူအားလုံး ဟန်ချက်ညီညီတိုက်ပွဲဝင်ကြဖို့ ညီနောင်သုံးဖော်တိုက်တွန်း

Author လဂွန်းအိမ်
Categories
Published on Jul 30, 2024

၁၀၂၇ စစ်ဆင်ရေးတစ်ခုလုံးမှာ ဝန်းရံပေးကြတဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်စိတ်ဓာတ်ကို အလေးအနက်ချီးကျူးဂုဏ်ပြုတဲ့အပြင် ကြံ့ကြံ့ခံကာ နောက်မဆုတ်ဘဲ ဟန်ချက်ညီညီ အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်ပွဲဝင်ကြရန် AA ၊ MNDAA ၊ TNLA မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နိုင်ငံတော်မှ ခွဲထွက်မယ်ဆိုတာကို ထပ်ငြင်းချက်ထုတ်ထားပြီး သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ဆောင်နေတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မိုးကုတ်ဗျူဟာတို့အပါအဝင် ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။

 

အဲဒီပူးပေါင်းတပ်ဖွဲ့များက နောင်ချို၊ စဉ့်ကူး၊ မိုးကုတ်နဲ့ လားရှိုးမြို့တို့ကို သိမ်းပိုက်ရရှိထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – MNDAA