“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇွန် ၂၃ မှ ၂၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jun 30, 2024

“ကျဆင်းဖို့ မရှိသေးတဲ့ စက်သုံးဆီ”

 

အရင်အပတ်က ဈေးနှုန်းမြင့်တက်ခဲ့တဲ့ စက်သုံးဆီ‌ဈေးတွေဟာ ဒီတစ်ပတ်မှာလည်း အကုန်နီးပါး ဆက်လက် မြင့်တက်လာတာကို မြင်တွေ့ရမှာပါ။

 

တစ်ပတ်အတွင်း ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၄၅ ကျပ်မြင့်တက်ခဲ့သလို ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ 92 နဲ့ 95 ဟာ တစ်လီတာကို ၇၅ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ အရင်ပတ်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ချက်အရ သိရပါတယ်။

 

စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့အပတ်က တက်ဈေးနဲ့ ဈေးနှုန်းရပ်တန့်နေရာကနေ လွန်ခဲ့တဲ့ သောကြာနေ့ကမှ ထပ်မံမြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဇွန်လ ၂၉ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၈၉၅ ကျပ်နဲ့ ဓာတ်ဆီအမျိုးအစားတွေ ဖြစ်တဲ့ 92 တစ်လီတာ ၂၆၅၅ ကျပ်၊ 95 တစ်လီတာ ၂၇၉၀ ကျပ် ဈေးရှိခဲ့ပါတယ်။