ယူအေအီးမှာ အပေ့ါစားလေယာဉ်ပျက်ကျ၊ သေဆုံးသူနှစ်ဦးမှာ ဆရာဝန်တစ်ဦး ပါဝင်လို့ဆို

Author ရှိုး
Categories
Published on Dec 30, 2024

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) မှာ အပေ့ါစား လေယာဉ်တစ်စင်း ပျက်ကျပြီး စီးနင်းလိုက်ပါလာသူ နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။

 

လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ စီးနင်းလိုက်ပါလာတဲ့ အပေ့ါစားလေယာဉ်ဟာ Ras Al Khaimah ပင်လယ်ထဲ ပျက်သွားခဲ့တာလို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။

 

လက်ရှိမှာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေအနေနဲ့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒေသတွင်း သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ သေဆုံးသွားသူထဲက Sulaymaan Al Majid ဆိုသူဟာ အသက် ၂၆ နှစ်အရွယ်သာရှိသေးပြီး ဆရာဝန်တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

သူဟာ ယူအေအီးမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ယူကေမှာ နေထိုင်သူဖြစ်တယ်လို့ သိရှိရပါတယ်။  လေယာဉ်ကို စင်းလုံးငှားပြီး လှည့်လည်ကြည့်ရှုရင်းကနေ အခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့ရတာလိုလည်း ဆိုပါတယ်။ သူရဲ့ မိသားစုတွေကတော့ အခုလိုအဖြစ်ဆိုးအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ ဒေသတွင်းသတင်းဌာနတွေကို ဖြေကြားထားပါတယ်။

 

ဓာတ်ပုံ – Khaleejtimes

 

ပုံစာ – Sulaymaan Al Majid ကိုတွေ့ရစဉ်

 

Related News

Depend on news