ဘိလပ်မြေတွေ ဝယ်မရလို့ ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်နားထားရ စစ်ကောင်စီက ပြည်ပကနေ ဘိလပ်မြေတွေ တင်သွင်းပေးမယ်လို့ဆို

Author CJ Platform
Categories
Published on Jan 30, 2025

ဘိလပ်မြေအိတ်တွေ ဝယ်မရလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများစု ရပ်နားထားရပြီး ဘိလပ်မြေတစ်အိတ်လျှင် ပျှမ်းမျှ ၃သောင်းကျပ်ကျော်ထိ စျေးနှုန်းရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်သားတွေဆီက သိရပါတယ်။

 

ပြည်တွင်းထုတ် ဘိလပ်မြေကို ခွဲတမ်းနဲ့သာ စစ်ကောင်စီက ရောင်းချပေးနေပြီး၊ လုံလောက်စွာ ရောင်းချမပေးတာကြောင့် ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေက ဘိလပ်မြေအိတ်ဝယ်ယူလိုလျှင် သဲ၊သံ၊ကျောက်နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကိုပါ ပူးတွဲဝယ်ယူမှ ရောင်းချနေတယ်လို့ ဆိုပါတယ်။

 

“လူလိမ်တွေလည်းများတယ် ဘိလပ်မြေရမယ်ဆိုပြီး ငွေကြိုလွှဲခိုင်းပြီး လိမ်သွားတာတွေရှိတယ်၊ ဆိုင်ကြီးတွေက မဟုတ်ဘူး အဘတွေနဲ့နီးစပ်ပြီး လုပ်စားနေတဲ့သူတွေက လိမ်တာ၊ အလုပ်ကတော့ လုပ်မရတော့ဘူး”လို့ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ နေအိမ်ဆောက်လုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြည်တွင်းမှာ ဘိလပ်မြေရှားပါးလာချိန် နိုင်ငံခြားငွေ ရှားပါးနေတဲ့ စစ်ကောင်စီက ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ဂိတ်တွေကနေ ဘိလပ်မြေအိတ်တွေကို တင်သွင်းခွင့်ပြုနေပြီး ဖေဖေါ်ဝါရီလအတွင်းမှာ ရောက်ရှိလာမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

 

ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။