မိသားစုဝင်တွေ ပြန်လာနိုးနဲ့ စောင့်နေရှာတဲ့ ခွေးကလေးပူတင်း

Author ရှိုး
Categories
Published on Jan 03, 2025

တောင်ကိုရီးယား လေယာဉ်ပျက်ကျမှုမှာ ပိုင်ရှင်မိသားစုဝင် ကိုးဦးစလုံး ဆုံးရှုံးလိုက်ရတဲ့ ပူတင်းလို့ ခေါ်တဲ့ ခွေးကလေးဟာ အခုအခါ ဆိုးလ်မြို့ တိရစ္ဆာန် ဆေးရုံတစ်ခုမှာ ဆေးကုသမှုတွေ ခံယူပြီး အိမ်အသစ်၊ ပိုင်ရှင်အသစ်ကို မျှော်လင့်နေပါတယ်။

 

ခွေးကလေး ပူတင်းဟာ တောင် ဂျီအိုလာပြည်နယ်၊ ယွန်ဂဝမ်ခရိုင်မှာရှိတဲ့ ရွာတစ်ရွာက လမ်းတစ်ခုပေါ်မှာ ခြေဦးတည်ရာမဲ့ လျှောက်သွားပြီး သူရဲ့ မိသားစုဝင်တွေ ပြန်လာနိုးကို စောင့်မျှော်နေပုံရပါတယ်။

တောင်ကိုရီးယားရဲ့ Jeju Air လေယောဉ်ပျက်ကျမှုမှာ ပါသွားတဲ့ ပိုင်ရှင်မိသားစုဝင် ကိုးဦးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ခရီးထွက်သွားတဲ့နောက် ပူတင်းလေးကို အိမ်မှာ ထားခဲ့တာပါ။

ဦးတည်ရာမဲ့ လျှောက်သွားနေတဲ့ ပူတင်းလေးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအဖွဲ့တစ်ခုက ကယ်တင်ထားလိုက်ပါပြီ။

အဲဒီအဖွဲ့ကတော့ ပိုင်ရှင်မရှိတော့တဲ့ ခွေးကလေးပူတင်း အခုလို လမ်းမတွေပေါ် လျှောက်သွားနေတာဟာ မလုံခြုံဘူးလို့ ခံစားရတဲ့အတွက် ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ပြောပါတယ်။

ပူတင်းကို သင့်တော်တဲ့ ပိုင်ရှင်အသစ် လက်ထဲကလွဲပြီး လက်လွှတ်ခံသွားမှာ မဟုတ်ဘူးလို့လည်း သူတို့က အသိပေးထားပါသေးတယ်။

 

ကူညီရေးအဖွဲ့လာကယ်ချိန်မှာ ပူတင်ဟာ စိတ်လှုပ်ရှားနေပြီး သူ့ပိုင်ရှင်တွေအထင်နဲ့ ကယ်ဆယ်ရေးအဖွဲ့ကို အပြေးကလေး ထွက်ကြိုခဲ့တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – Animal rights group Care

 

ကိုးကား – SCMP