တစ်လနီးပါး ပျောက်ကွယ်နေသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းထဲ ပြန်ပေါ်လာ

Author လင်းနွေဦး
Categories
Published on Apr 29, 2024

နေပြည်တော် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ ယနေ့တွင် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်ကို စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများနှင့် လော်ဘီချန်နယ်များတွင် ဖော်ပြချက်အရ သိရသည်။

 

တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံမှ ဆရာဝန်များဖြင့်ပင် ကုသခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သူ ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာ စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းမီဒီယာများ၏ ယနေ့ည ၈နာရီ တွင်ထုတ်လွှင့်သည့် သတင်းအစီအစဉ်တွင် ပြန်လည်တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

မွန်ပြည်နယ်ရှိ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံသတင်းကို စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာမှ ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။

 

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် လက်ရှိ ကရင်ပြည်နယ်တွင် ဖော်ဆောင်နေသည့် “အောင်ဇေယျ”စစ်ဆင်ရေးကို ကိုယ်တိုင်ကြီးကြပ်လျက်ရှိပြီး အလားတူမွန်ပြည်နယ် စစ်ဆင်ရေး ကိုလည်း ကြီးကြပ်လျက်ရှိကာ စစ်ဆင်ရေးများနှင့် နယ်မြေစိုးမိုးနိုင်ရေးတို့ကို ဦးဆောင်လျက်ရှိသည်။

 

ဓာတ်ပုံ-PRO -SAC