မန္တလေးက ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ်စုံနဲ့အဖွဲ့ သေနတ်ပြပြီး ဓားပြတိုက်သွား

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃၊၁၀၄လမ်းကြား ၅၅လမ်းပေါ်က ရွှေဇာမဏီ ရွှေဆိုင်ကို ဧပြီ ၂၈ရက်နေ့ မွန်းလွဲ ၂နာရီ ၅၇မိနစ်ခန့်မှာ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားတဲ့ အဖွဲ့က သေနတ်နှစ်လက်ပြကာ ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓားပြအဖွဲ့မှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသူ ၂ဦး၊ အရပ်ဝတ် ဝတ်ဆင်ထားသူ ၃ဦး ပါဝင်ပြီး အနက်ရောင် Honda Inside မော်တော်ယာဉ်နဲ့ လာရောက်ကာ ယူဆောင်လာတဲ့ သေနတ်နှစ်လက်ကို ပြပြီး ဓားပြတိုက်ခဲ့တာပဲဖြစ်ပါတယ်။
“ပစ်ခတ်တာတော့ လုပ်မသွားဘူး၊ အခုထိ မဖမ်းမိသေးဘူး၊ ကားကလည်း လိုင်စင်အတုလို့ ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်သူတွေဟာ ရွှေ ၂၃ကျပ်သားနဲ့ iPhone 11 တစ်လုံးကို လုယက်သွားတယ်လို့ သိရပြီး ဒီကနေ့ ဧပြီ ၂၉ရက်နေ့ မနက်ပိုင်းထိတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
ဓာတ်ပုံ – လူမှုကွန်ရက်