မန္တလေးမှာ အငြိမ်းစား ပါမောက္ခတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေနဲ့ ငွေတွေ လုသွား

Author CJ Platform
Categories
Published on Apr 29, 2025

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဧပြီ ၂၅ရက်နေ့ မွန်းလွဲပိုင်းက အငြိမ်းစား ပါမေက္ခ တစ်ဦးဖြစ်သူ ဒေါက်တာထွေးထွေးကို အိမ်ခြံမြေပွဲစားဆိုသူမှ သတ်ဖြတ်ကာ လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို လုယူသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ အိမ်ခြံမြေ ရောင်းဝယ်လုပ်နေသူလည်းဖြစ်သူ ၊ နေအိမ်တွေကို အိမ်ငှါးတင်ကာ အသက်မွေးနေတဲ့ အငြိမ်းစား သတ္တဗေဒဌာန ပါမောက္ခ ဒေါက်တာထွေးထွေးကို အိမ်ခြံမြေပွဲစားဆိုသူတစ်ဦးက အိမ်လိုက်ပြမယ်လို့ ဆိုပြီး ပုသိမ်ကြီးမြို့နယ်ဘက်ကို ခေါ်ဆောင်သွားကာ သတ်ဖြတ်ပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်သွားခဲ့တာပဲဖြစ်ပါတယ်။

 

 

“ငလျင်ဖြစ်တော့ နေနေတဲ့ မင်္ဂလာရန်ကင်းအခန်းကနေ ပုသိမ်ကြီးဘက် ပြောင်းနေတယ် ၊ မနော်ဘက်က သူ့ပိုင် တိုက် တွေကိုအိမ်ငှါးတင်ထားတော့ အဲ့တိုက်တွေပေါ်ပြန်တက်နေလို့လည်း မရ၊ လုံးချင်းအိမ် မြေအလွတ်တွေ အဝယ်ကောင်း ဝါသနာအပါကောင်းလိုက်တာလေ ခုတော့ အဲ့အိမ်ပွဲစားရဲ့ ရက်ရက်စက်စက် ရိုက်နှက်လုပ်ကြံလုယက်တာ ခံရပါပေါ့လား”လို့ ဒေါက်တာထွေးထွေးရဲ့ တူမဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

အသက် (၆၅)အရွယ် ဒေါက်တာထွေးထွေးရဲ့ ရုပ်အလောင်းကို ဧပြီ ၂၈ရက်နေ့က တောင်အင်းမြောက်အင်းသုဿန်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီး ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်