ငလျင်ကြောင့် ရေမီးပြတ်တောက်နေချိန် မုန့်အလှူပေးတဲ့ “ဒီကို”စတိုး

Author CJ Platform
Categories
Published on Mar 29, 2025

ရန်ကုန်မြို့မှာ ငလျင်ဒဏ်ရဲ့ နောက်ဆက်တွဲအဖြစ် လျှပ်စစ်မီးနဲ့ သုံးရေပြတ်တောက်နေချိန်မှာ ရွှေပြည်သာမြို့နယ်အတွင်းက “ဒီကို”စတိုး မိသားစုက မုန့်အလှူပေးဝေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

“လမ်းထဲမှာတော့ ငလျင်ကြောင့် ထိခိုက်သူမရှိပေမယ့် မီးမလာ ရေပြတ်လို့ ထမင်းဟင်း မချက်ရတဲ့ လက်လုပ်လက်စားနဲ့ စက်ရုံသမားတွေကို ပေးဝေတာပါ”လို့ ဒီကို စတိုး မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရန်ကုန်မြို့မှာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးပေမဲ့ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ချို့ယွင်းတာ ဓာတ်အားခွဲရုံတွေ ပျက်စီးတာကြောင့် တစ်နေ့ကို လျှပ်စစ်မီး ၄ နာရီသာ အလှည့်ကျ ရရှိနေပါတယ်။

 

ဓာတ်ပုံ – ဒီကို စတိုး