စစ်ကိုင်း ပကဖက ငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေ

Author CJ Platform
Categories
Published on Mar 29, 2025

စစ်ကိုင်းမြို့နယ် ပကဖနဲ့ ပအဖတို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီလို့ ပကဖအသံက ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

 

ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ CJ Platform ကို ပြောကြားထားပါတယ်။

 

ဓာတ်ပုံ – ပကဖအသံ