“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ)

Published on Dec 29, 2024

“စက်သုံးဆီဈေးအားလုံး ပြန်ကျ”

 

သုံးပတ်ဆက်ကျပြီး ပြီးခဲ့တဲ့အပတ်ထဲ ပြန်လည်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ မြင့်တက်ချိန်မှာ ဒီဇယ်ဆီဈေးတွေက တစ်လီတာကို ၆၅ ကျပ်ကနေ‌ ၈၀ ကျပ်နဲ့ အောက်တိန်းဈေးတွေက ၇၀ ကျပ်အထိ သုံးပတ်စာ ပြန်မြင့်တက်ခဲ့တာပါ။

 

ဒီတစ်ပတ် ပြန်ကျချိန်မှာတော့ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၁၀၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၁၀၀ ကျပ်အထိ ကျဆင်းသွားတာကိုတွေ့ရပါတယ်။

 

ကျန်ခဲ့တဲ့ လေးပတ်ဆက် စစ်ကောင်စီဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေထုတ်ရောင်းပေးမယ်လို့ ကြေညာခဲ့ပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ ကြေညာထားတာ မတွေ့ရပါဘူး။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၆၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၁၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၁၂၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price