“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ)
“သိန်း ၆၀ အပေါ်မှာ ဆက်ရှိနေတဲ့ ရွှေဈေး”
နှစ်သစ်ကူးချိန်နဲ့ နိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် ရွှေအရောင်းအဝယ် အေးနေတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမဲ့ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်ဈေးကတော့ မကျဘဲ တစ်ကျပ်သား ကျပ်သိန်း ၆၀ ကျော်မှာပဲ ဆက်ရှိနေတာတွေ့ရပါတယ်။
ဒီတစ်ပတ် တနင်္လာနေ့ ရွှေဈေးကွက်အဖွင့်နေ့မှာ ၁၆ ပဲရည်တစ်ကျပ်သားကို ၆၁ သိန်း သုံးသောင်းဆိုတဲ့ အရင်အပတ်အပိတ်ဈေးအတိုင်းဖွင့်လှစ်လာခဲ့ပါတယ်။ ဒီတစ်ပတ်လုံး ရွှေဈေးကွက်အတွင်း တစ်ကျပ်သား ၆၁ သိန်း တစ်သောင်းနဲ့ သုံးသောင်းကြားသာ ရွှေဈေးအပြောင်းအလဲဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။
ဒီလိုပြင်ပဈေးကွက်မှာ ဈေးတွေငြိမ်နေပေမဲ့ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးတွေကတော့ တဖြည်းဖြည်းမြင့်တက်လာတာကိုတွေ့ရပြီး တစ်ပတ်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို လေးသောင်းမြင့်တက်ခဲ့တာတွေ့ရပါတယ်။
ရွှေဈေးကွက်အလွန်ကိုအေးခဲ့ပြီး ဈေးနှုန်းလည်း အငြိမ်ဆုံးရက်သတ္တပတ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်လည်း အတက်အကျအနည်းငယ်သာဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်လုံးနှိုင်းယှဉ်မယ်ဆိုပါက တစ်အောင်စ အမေရိကန် သုံးဒေါ်လာ ကျဆင်းသွားပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်းခြောက်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းနှစ်သောင်းကျပ်နဲ့ YGEA ဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်း ရှစ်သောင်းကျပ်ဈေးဖြစ်ပြီး ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၆၂၂ ဒေါ်လာဖြစ်ပါတယ်။
Source – Myanmar Market Price
#CJPlatform #ဒီတစ်ပတ်ဘာထူးလဲ #ပြည်တွင်းရွှေဈေးနှုန်း #YGEA