ရှေ့တန်း ရိက္ခာပို့သွားတဲ့ သာပေါင်းမြို့မ စခန်းမှူး စနိုက်ပါနဲ့ အပစ်ခံရ

Published on Jan 29, 2025

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံဖို့အတွက် ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာသွားပို့တဲ့ သာပေါင်းမြို့နယ် စခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သာပေါင်းဒေသခံတွေဆီက သိရပါတယ်။

 

လူမှုကူညီရေးကားတွေကို အသုံးပြုပြီး ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ ဒုရဲမှူးနဲ့အဖွဲ့ အပစ်ခံရပြီး ဒုရဲမှူးကတော့ စနိုက်ပါထိမှန်ကာ နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။

 

အတူလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒုရဲမှူးရဲ့ အလောင်းကို နေရာမှာပဲ ထားရစ်ခဲ့ပြီး သာပေါင်းမြို့ကို ပြန်လည်ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။

 

ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့