ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့် အခမ်းအနားမှာ မွန်းမံသင်တန်းဆင်းများကို လက်နက်တပ်ဆင်

ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF )ရဲ့ တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့က ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မွန်းမံသင်တန်း ဆင်းများကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ SF/ SAF ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂများရဲ့ ဦးစီးဦးဆောင်မှုနဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ကျောင်းသားလက်ရုံးတပ်တော်ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောင်းသားလူငယ်တွေကို အဓိက အခြေပြုလျက် ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ၄ နှစ်ပြည့်အခမ်းအနားကို စစ်ရေးမတည်ငြိမ်တဲ့ စစ်ဒေသတွေက လွဲပြီး လှုပ်ရှားစစ်ဒေသနယ်မြေအသီးသီးမှာ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား အကျဉ်းချုံး ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တအာင်းတပ်TNLA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိကရက်တစ်တပ်ဦး ABSDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၊ 96 Soldiers PDF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး၊ ချင်းညီနောင် CB၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ယောတပ်တော် YA၊ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့တပ်တော် PLSO/PLSF၊ ဗမာ့တပ်တော် BA၊ ပြည်သူ့ညီညွတ်ရေးတပ်ဦးစတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် သပိတ်အင်အားစုတွေ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအဖွဲ့အစည်းတွေက ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာတွေ ပေးခဲ့ပို့ကြပါတယ်။
ဓာတ်ပုံ – SF/SAF