အပြင်းထန်ဆုံး ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် မန်ယူအသင်းက ဆုတောင်းပေး

Author CJ Platform
Categories
Published on Mar 28, 2025

နှစ်ပေါင်း ၁၈၆နှစ်ကြာ ကာလအတွင်း အဆိုးဆုံး ငလျင်ဘေးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် မန်ချက်စတာယူနိုက်တက်အသင်းက ဆုတောင်းပေးခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်း၏ နှလုံးသားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ကြောင့် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများနှင့်အတူရှိပါသည်။အားလုံးကို ချစ်ခြင်းမေတ္တာနှင့် ခွန်အားပေးလွှတ်လိုက်ပါတယ်”လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း လူရာချီသေဆုံးခဲ့ကာ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦတွေ၊ လူနေအဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။