“ကချင်နဲ့ ရှမ်းမြောက်တို့မှာ မိုးရွာနိုင်” “ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“မိုးလေဝသခန့်မှန်းချက်”
ဒီကနေ့ကနေ လကုန်ပိုင်းအထိ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ မိုးအနည်းငယ်ရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ကချင်ပြည်မြောက်ပိုင်းဒေသတွေမှာတော့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ၂၄ နာရီအတွင်း မိုးအနည်းငယ်ပိုနိုင်တယ်လို့လည်း အသိပေးပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ညအပူချိန်များ”
ညအပူချိန်များမှာ ကရင်၊ ချင်းနဲ့ ရခိုင်ပြည်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ သုည ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားနဲ့ လားရှိုးမြို့တို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့နဲ့ လွိုင်ကော်မြို့တို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၅ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၇ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘားအံမြို့၊ ပဲခူးမြို့နဲ့ ထားဝယ်မြို့တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်နဲ့ မော်လမြိုင်မြို့တို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ