လူကူးကုန်းကျော်တံတားပေါ် ဘန်နာချိတ်ဆွဲဆန္ဒပြမှုကို စစ်ကောင်စီတပ်သား လေးဦးက လာရောက်ပစ်ခတ်

Author လဂွန်းအိမ်
Categories
Published on May 27, 2024

ရန်ကုန်တိုင်း လှိုင်မြို့နယ် အတွင်းက မီးရထား လူကူးကုန်းကျော်တံတား တစ်နေရာမှာ မနေ့ မေ ၂၆ရက် က “တရားတဲ့သူသာနိုင်ကြေးဟေ့”ဆိုတဲ့ ဘန်နာချိတ်ဆွဲရင်း ၂၀၀၈ အခြေခံဥပဒေစာအုပ် မီးရှို့ ဆန္ဒပြ နေတုန်း စစ်ကောင်စီက လာရောက် ပစ်ခတ်ခဲ့တယ်လို့  ဥယျဉ်မှူးစစ်ဆင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြလှုပ်ရှားမှုဟာ ဥယျဉ်မှူးစစ်ဆင်ရေးရဲ့ တစ် စိပ်တစ်ပိုင်းဖြစ်တယ်လို့ သိရပြီး ဆန္ဒပြမှုကို  Shinobi UG အဖွဲ့ကဦးဆောင်ပြု လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ လုပ်တဲ့ထိပ်နားမှာ အစောင့်တွေရှိတယ် အဲဒီကနေ ထွက်ပစ်ကြတာ၊ ဒလန်သတင်းသွားပေးတာလဲဖြစ်နိုင်တယ်၊ ရောက်တာနဲ့ လှမ်းပစ်တော့တာပဲ”လို့ ဥယျဉ်မှူးစစ်ဆင်ရေးရဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ Garuda က CJ Platform ကို ပြောပါတယ်။

အဲ့ဒီလို လာရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလာရောက်ခဲ့တာလို့ဆိုပြီး သုံး ချက်ပစ်ခတ်ခဲ့ပေမယ့် ဆန္ဒပြရဲဘော်တွေ ကြိုတင်သိရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာမရရှိပဲ ဆုတ်ခွာ နိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ဥယျာဉ်မှူးစစ်ဆင်ရေးမှာ စစ်ကောင်စီကြီးစိုးတဲ့ မြို့ပြတွေကိုလည်း ထိရောက်စွာတိုက်ခိုက်ဖို့ဖြစ်တဲ့အပြင် မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးမြို့တွေမှာရှိတဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ချေမှုန်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

 

ဥယျာဉ်မှူးစစ်ဆင်ရေးရဲ့ ပထမဆုံးတိုက်ခိုက်မှုကို မေလ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ကြီးစိုးရာ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ-Shinobi UG