“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (အောက်တိုဘာ ၂၁ မှ ၂၆ ရက်အထိ)

Published on Oct 27, 2024

“ဈေးပြန်ကျတဲ့ စက်သုံးဆီ”

 

ပြီးခဲ့တဲ့အပတ်တွေထဲ တောက်လျှောက်တက်ပြီး ငြိမ်သက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာ ပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။

 

စက်သုံးဆီအမျိုးအစားအားလုံးဟာ အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာ ကျဆင်းခဲ့ကြပြီး ဒီဇယ်အမျိုးအစားတွေ ဈေးပိုကြခဲ့တာတွေ့ရပါတယ်။

 

အောက်တိန်း 92 တစ်လီတာကို ၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

 

စက်သုံးဆီအရောင်းအဝယ်တွေကတော့ ပုံမှန်အတိုင်းရှိနေပြီး နာရီနဲ့ချီ တန်းစီဝယ်ယူရတာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၆၀ ကျပ်ဈေးဖြစ်ပါတယ်။

 

Source – Myanmar Market Price