ဘန်ကောက်သံရုံးရှေ့ ခြောက်ကပ်နေတဲ့ စစ်ကော်မရှင် မဲပေးပွဲ
CJ Platform
ဒီကနေ့ စနေနေ့ (ဒီဇင်ဘာ ၆) မနက်ပိုင်းက ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့ မြင်ကွင်းပါ။ ပုံမှန်ဆိုရင် ရွေးကောက်ပွဲ ကြိုတင်မဲပေးပွဲတွေမှာ လူတန်းရှည်ကြီးတွေနဲ့ စည်ကားနေတတ်ပေမယ့်၊ ဒီနေ့မှာတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး အထပ်ထပ်ကြားမှာ မဲလာပေးသူ အနည်းငယ်သာ တွေ့ရပြီး ခြောက်ကပ်လို့ နေပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့ (IOM) ရဲ့ စာရင်းအရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၄ သန်းကျော် (၄.၁ သန်း) နေထိုင်နေကြတာပါ။ ဒါပေမယ့် ဒီမနက် မဲရုံဖွင့်ပြီး ပထမ ၂ နာရီအတွင်းမှာ မဲလာပေးသူ ၂၅ ဦးလောက်ပဲ ရှိတယ်လို့ AFP သတင်းထောက်တွေက ဆိုပါတယ်။
