စစ်မှုထမ်းဥပဒေ ဘယ်သူတွေ ဘယ်လို ကင်းလွတ်ခွင့်ရနိုင်လဲ ?

Author ကိုထားဝယ်
Categories
  • Photo News
Published on Apr 26, 2024

လူငယ်လူရွယ်တွေနဲ့တကွ မိဘပြည်သူတွေရဲ့ အိပ်မက်ဆိုးကြီးဖြစ်တဲ့ စစ်ကောင်စီရဲ့ ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို ဘယ်သူတွေ၊ ဘယ်လို ကင်းလွတ်၊ လျှော့ပေါ့ခွင့် ရနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လာခဲ့တဲ့အချက်အလက်တွေထဲကနေ သိသင့်သိထိုက်တာတွေကို CJ Platform ရဲ့ စာဖတ်ပရိသတ်တွေအတွက် ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

ဘယ်သူတွေ စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ရှိလဲ?

 

(၁) ဉာဏ်ရည်မမီသူ၊ စာရိတ္တပျက်ပြားသူ၊

(၂) သူရူး၊

(၃) CDM မလုပ်ထားတဲ့ အသိပညာရှင်(သို့)အတတ်ပညာရှင်များ၊

(၄) တိုက်ပွဲတွင် သေဆုံး စစ်သား၊ ရဲ၊ ပြည်သူ့စစ်တွေရဲ့ သားသမီးအရင်းများ(မွေးစားသားသမီးမပါ)၊

(မှတ်ချက်။ သားသမီးရင်းများ စစ်မှုထမ်းဖို့ဆန္ဒရှိပါက ထမ်းခွင့်ပြုသည်။)

(၅) အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တစ်ခုခုရဖူးသူများ

(၆) ၂ နှစ်ဆက် ပြည်သူ့ဆေးရုံများမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်နဲ့ သူနာပြုများ

(၇) ၂ နှစ်အထက် စစ်သားအစားခန့် အရပ်သားများ၊

(၈) ကင်းလွတ်ခွင့်ပြုဖို့ ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ

ဘယ်သူတွေ လျှော့ခွင့်ရှိလဲ?

 

(၁) နှစ် ၂၀ အထက်လုပ်သက်ရှိတဲ့ အစိုးရဝန်ထမ်းမိဘတွေရဲ့ သားသမီးများ စစ်မှုထမ်းကာလ တစ်ဝက်လျှော့၊

(၂) မိဘတစ်ဦးဦးက နှစ် ၂၀ အထက်လုပ်သက်ရှိတဲ့ သားသမီးများ စစ်မှုထမ်းကာလ သုံးပုံတစ်ပုံလျှော့၊

(၃) စစ်သင်တန်းတက်နေချိန် ထိခိုက်ဒဏ်ရာရပါက ကျန်ကာလလျှော့ပေးနိုင်၊

ဘယ်လိုလူမျိုးတွေ ရွှေ့ဆိုင်းခွင့်ရမလဲ?

 

(၁) ဆင့်ခေါ်စာရတဲ့နေ့ကနေ သတ်မှတ်ရက်အတိုင်း သတင်းမပို့မီ မိဘ၊ ဇနီး၊ အမျိုးသား တစ်ဦးဦးသေဆုံးသူများ၊

(၂) ဆင့်ခေါ်စာရတဲ့နေ့ကနေ သတ်မှတ်ရက်အတိုင်း သတင်းမပို့မီ မတော်တဆဖြစ်ရပ်ကြောင့်၊ တစ်ပါးသူပယောဂကြောင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခုအပြင်းအထန်ဒဏ်ရာရသူများ၊

(၃) အကျဉ်းကျနေသူ(သို့မဟုတ်)အမှုရင်ဆိုင်နေရသူများ၊

(၄) စစ်ကောင်စီ အလိုအရ ပညာရပ်တစ်ခုခု လေ့လာသင်ယူနေသူများ၊

(၅) စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းပေးဖို့ မဖြစ်မနေလိုအပ်နေသူများ၊

အထက်ပါ အချက်များနဲ့ကိုက်ညီသူတွေဟာ စစ်မှုထမ်းဥပဒေကနေ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်ရမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဆိုပါတယ်။

 

 

Related News

Depend on news