ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (မေ ၂၆ ရက်မှ ဂျွန် ၁ ရက် အထိ)

Published on Jun 02, 2024

“ဆက်တိုက်ပြန်ကျတဲ့ စက်သုံးဆီဈေးများ”

 

ပြီးခဲ့တဲ့အပတ်က အသုံးများတဲ့ စက်သုံးဆီ အကုန်နီးပါး ဈေးတွေကျခဲ့ရာကနေ ခုတစ်ပတ်မှာလည်း ဈေးတွေဆက်ကျခဲ့ပြီး စက်သုံးဆီတွ အကုန် ဈေးတွေပြန်ကျခဲ့တာ ဖြစ်ပါတယ်။

 

ရိုးရိုးဒီဇယ်တစ်လီတာနဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာ ဈေးနှုန်းတွေက ၂၃၃၅ ကျပ် နဲ့ ၂၃၈၅ ကျပ် တို့မှ ၅ ကျပ်စီ တူညီစွာပြန်ကျခဲ့ပြီး ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်း တစ်လီတာက ၂၆၂၅ ကျပ်ကနေ ၆၀ ကျပ်နှုန်းနဲ့ 95 အောက်တိန်း တစ်လီတာကို ၂၇၃၅ ကျပ်မှ ၇၀ ကျပ်နှုန်းအသီးသီး ဈေးတွေဆက်ကျခဲ့တာပါ။

 

ဂျွန်လပထမပတ်ရဲ့ ပထမဆုံးရက် စနေနေ့ စက်သုံးဆီ ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၃၈၀ ကျပ် နဲ့ ဓာတ်ဆီ အမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၅၆၅ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၆၆၅ ကျပ်ဈေးရှိခဲ့ပါတယ်။