အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ပြန်လည်ဖွင့်လှစ်မယ်

Author CJ Platform
Categories
Published on Apr 26, 2025

ငလျင်လှုပ်ခတ်မှုအပြီး ရပ်နားထားရတဲ့ အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို မေ ၁ရက်နေ့ကစတင်ပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

 

ရန်ကုန်၊ မြစ်ကြီးနားနဲ့ လားရှိုးမြို့တွေမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွေမှာ နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ အွန်လိုင်းကနေ စာရင်းပေးသွင်းထားပြီး ချိန်းဆိုရက် ရရှိထားသူတွေအတွက်လည်း ချိန်းဆိုရက် ပြင်ဆင်ထားပြီးဖြစ်တာကြောင့် မိမိတို့ ရရှိထားတဲ့ ချိန်းဆိုရက်တွေကို ပြန်လည်စိစစ်ဖို့ သက်ဆိုင်ရာ ရုံးတွေမှာ ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရာမှာ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေကို ကန့်သတ်ထားမှုတွေ ရှိနေပြီး လူငယ်တွေကို နိုင်ငံခြားထွက်ခွာခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်