ငလျင်ဒဏ်သင့် ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဆန်အိတ်တွေ ထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဧပြီ ၂၅ရက်နေ့မှာ ဆန်အိတ်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဒဏ်သင့် အိမ်ထောင်စု ၁၈၆ စုစာအတွက် တစ်အိမ်ထောင်ကို ဆန် (၅)ပြည်နှုန်းနဲ့ လှူဒါန်းခဲ့တာဖြစ်ပြီး “Young Wings” အဖွဲ့ရဲ့ လှူဒါန်းမှုကို စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ချိတ်ဆက်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ကွန်ရက်ဆီက သိရပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေအတွက် သီးခြားအလှူပစ္စည်းတွေ ဆက်လက်လှူဒါန်းနိုင်ရေးကိုလည်း လုပ်ဆောင်နေပြီး စစ်ကိုင်းတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို လှူဒါန်းလိုပါကလည်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကနေတဆင့် လှူဒါန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူ