ကျိုက်ထိုမှာ အသံချဲ့စက် အသံတွေ ဆူညံနေတာကြောင့် ပြည်သူတွေက ကျန်းမာရေးဌာနကို တိုင်ကြား

Author CJ Platform
Categories
Published on Mar 25, 2026

မွန်ပြည်၊ ကျိုက်ထိုမြို့မှာ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ သီချင်းဖွင့်လှစ်တာ၊ အလှူခံတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေက မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနကို တိုင်ကြားခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

အသံချဲ့စက်တွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေပါ စိုးရိမ်နေရတယ်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။

 

မတ် ၂၄ ရက်အထိ အသံချဲ့စက် ဖွင့်လှစ်သူတွေကို အရေးယူပေးဖို့ မြို့နယ် ကျန်းမာရေးဌာနကို လာရောက်တိုင်ကြားသူတွေဟာ ၁၀ ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

 

“ဒီလို အသံချဲ့စက်တွေနဲ့ တစ်မြို့လုံးကို နှိပ်စက်နေသူတွေဟာ ‘အများပြည်သူရဲ့ ရန်သူ’ တွေပါပဲ။ သူတို့မှာ စည်းကမ်းမရှိသလို၊ အရှက်တရားလည်း မရှိကြပါဘူး။ ဒါဟာ လူအများရဲ့ စိတ်ကျန်းမာရေးကို တမင်တကာ ဖျက်ဆီးနေတဲ့ ‘ယုတ်ညံ့တဲ့ လုပ်ရပ်’ သက်သက်သာ ဖြစ်ပါတယ်။ လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ခွင့်ရှိသလို ကျန်းမာရေးထိခိုက်အောင် နှောင့်ယှက်နေတဲ့ အသံညစ်ညမ်းမှုတွေကို တားဆီးဖို့ဟာ ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်” လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။

 

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ အသံချဲ့စက် အသုံးပြုလိုသူတွေအနေနဲ့ ပြည်သူတွေ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်နေထိုင်မှုကို အနှောင့်အယှက် မဖြစ်စေဖို့၊ သတ်မှတ်ထားတဲ့ အချိန်တွင်းသာ အသုံးပြုဖို့ ပြဋ္ဌာန်းထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news