စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဂျပန်မြန်မာ လူထုစစ်တမ်းက ဘာအတွက်လဲ၊ ဘယ်မှာ အသုံးပြုမလဲ

Published on Nov 25, 2025

စစ်အုပ်စုက လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုစစ်တမ်းတစ်ခုကို ဂျပန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Myanmar Future Conference ကနေ ဦးဆောင်ပြီး ကောက်ယူနေပါတယ်။ Japan Myanmar Future Conference ဟာ မြန်မာနိုင်ငံအပေါ် လူသားစာနာမှုအကူညီတွေကို စစ်အုပ်စုနဲ့ မထိစပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပြင် ERO  တွေနဲ့ပါ ထိစပ်ပြီး ပံ့ပိုးကူညီနေတဲ့ အဖွဲ့အစည်းပါ။ Japan Myanmar Future Conference က ဘာ့ကြောင့် အခုလို လူထုစစ်တမ်းတစ်ခုကို ကောက်ယူနေရသလဲ ဒီစစ်တမ်းရလဒ်ဟာ ဘယ်လောက်အရေးပါလဲဆိုတာကို CJ Platform က Japan Myanmar Future Conference ရဲ့ Representative ဖြစ်သူ Mr. Katsuyuki Imoto ကို ဆက်သွယ်မေးမြန်းထားမှုကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။