ကလေးအိပ်ယာခင်းအောက်မှာ ခွေနေတဲ့ မြွေပွေးကိုက်ခံရလို့ မိခင်ဖြစ်သူ သေဆုံး

ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့ ဘော်နှင်းကျေးရွာအုပ်စု ဆူးပန်းကျေးရွာမှာ ဇွန်လ ၂၄ရက်နေ့ ညနေ ၃နာရီခန့်က ကလေးအိပ်ယာခင်းအောက်မှာခွေနေတဲ့ မြွေပွေးတစ်ကောင်က မိခင်ဖြစ်ကိုပေါက်မိရာမှ မိခင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း (အောင်ပန်း) ဆီက သိရပါတယ်။
ဆူးပန်းကျေးရွာက မိခင်တစ်ဦးဟာ သုံးလသားအရွယ်ကလေးငယ်ကို ဂျင်းစိုက်ခင်းဆီခေါ်ယူသွားပြီး စိုက်ခင်းအနီး မြက်ခင်းမှာ စောင်ခင်းကာ ချထားပြီး ပေါင်းမြက်တွေ ရှင်းလင်းနေချိန် ကလေးငယ်ဆီက ငိုသံကြားရတာကြောင့် သွားရောက် ချီချိန်မှာ အခင်းအောက်မှာ ခွေနေတဲ့ မြွေပွေးတစ်ကောင်က မိခင်ဖြစ်သူရဲ့ ညာဘက်ခြေထောက်ကို ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေက မြွေကိုက်ခံရတဲ့ မိခင်ဖြစ်သူကို အောင်ပန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ အချိန်မမီဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – နာရေးကူညီမှုအသင်း (အောင်ပန်း)