YBSက ရှေ့ကားကျော်တက်ရမှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးဆင့်တိုက် တစ်ဦးသေဆုံး

ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီးလမ်း အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ဒီကနေ့ ဇွန်လ ၂၅ရက်နေ့ မနက် ၇နာရီ ၄၅မိနစ်ခန့်မှာ YBS ၃၄ ယာဉ်တစ်စီးက ရှေ့ကားကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
YBS ယာဉ်က ရှေ့ကားကို ကျော်တက်ချိန်မှာ မျက်နှာချင်းဆိုင်လာနေတဲ့ အငှါးယာဉ်တစ်စီးနဲ့ ကုန်တင်ကားတစ်စီးကို တိုက်မိခဲ့ပြီးနောက် ဘေးတွဲဆိုင်ကယ်တစ်စီးကိုပါ ထပ်မံတိုက်မိခဲ့တာပဲဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာသင်ကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ ကျောင်းတက်ချိန်မဟုတ်တာကြောင့် ကျောင်းသား၊ကျောင်းသူတွေ ဘေးကင်းခဲ့ရတယ်လို့ သိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။