ကြားကာလ ပညာရေးကျောင်းတွေက ကျောင်းသူ၊ကျောင်းသားတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ

Author CJ Platform
Categories
Published on Mar 25, 2025

စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်ကောင်စီလက်အောက်က စာသင်ကျောင်းတွေဆီကို မသွားရောက်ဘဲ ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကို သူတို့ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်တည်းဖြတ်၊ ကိုယ်တိုင်ဖတ်ကြားတင်ဆက်ခဲ့တဲ့ အသံပြဇာတ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

 

ကြားကာလပြည်သူ့ပညာရေးကျောင်းတွေက တာဝန်ရှိသူတွေ၊ Home နဲ့ CJ Platform တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ “သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ”ဆိုတဲ့ အသံပြဇာတ်ပြိုင်ပွဲဝင် အသံပြဇာတ်တွေကို တင်ဆက်မှုဟာ ပြီးဆုံးခဲ့ပါပြီ။

 

ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ရက်နေ့မှာတော့ ပြိုင်ပွဲ အသံပြဇာတ် (၁၃)ပုဒ်လုံးကို မနက် (၉)နာရီမှ စတင်ကာ CJ Platform ရဲ့ Facebook ၊ YouTube တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြီး နားသောတဆင်ခဲ့ကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်ရာ အဖွဲ့ကို Voting ပေး ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။

 

ပြိုင်ပွဲကိုတော့ မတ်လ ၁၁ရက်နေ့ကနေ ၃၁ရက်နေ့ ညနေ (၅)နာရီထိ ယှဉ်ပြိုင်ကျင်းပပြီး ဧပြီလ ၂ရက်နေ့မှာ ဆုတွေ ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

 

ဆုတွေအဖြစ်

၁။ Facebook မှာ Like ၊ Comment ၊ Shares အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု

၂။ Views အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု

၃။ Voting အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု ကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

 

အသံပြဇာတ်အားလုံးကို မကြည့်လိုက်ရတဲ့ မိဘပြည်သူတွေ တစ်ခုချင်းစီကို ပြန်လည်ကြည့်ရှုနိုင်ဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၁)

အသံပြဇာတ်ခေါင်းစဉ်     = “ကမ်းရိုးမက လှိုင်းတံပြာပြာ”

အဖွဲ့အမည်                        = သစ်ရိပ်ညို

https://www.facebook.com/share/16LntuWiD2/?mibextid=wwXIfr

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၂)

အသံပြဇာတ်ခေါင်းစဉ်     = “အမှန်ကိုကြည့်နိုင်သော မျက်လုံးတစ်စုံ”

အဖွဲ့အမည်                           = စုစည်းမှုဖြင့် အလင်းသစ်ဆီ“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ”

https://www.facebook.com/share/p/1D7JCzwCtT/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၃)

အသံပြဇာတ်ခေါင်းစဉ်    = “ရောင်နီမျှော်သောနွေ”

အဖွဲ့အမည်                    = Super Fiery Gang

https://www.facebook.com/share/p/1A5Re7kZKc/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၄)

အသံပြဇာတ်ခေါင်းစဉ်   = “ကြွေ”

အဖွဲ့အမည်                           = Star Force

https://www.facebook.com/share/p/1ALdbdNFXq/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၅)

အသံပြဇာတ်ခေါင်းစဉ်            = “ရောင်နီသန်းဖို့စည်းလုံးစို့”

အဖွဲ့အမည်                        = ရှင်သန်ခြင်းနှင်းဆီ

https://www.facebook.com/share/p/1LULWCkWpz/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၆)

အသံပြဇာတ်ခေါင်းစဉ်            = “တိမ်ညိုလွေ့လွေ့နေခြည်ငွေ့ငွေ့”

အဖွဲ့အမည်                  =  နေခြည်နွေး

https://www.facebook.com/share/p/1FiG17pAda/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၇)

အသံပြဇာတ်ခေါင်းစဉ်            = “တရားသောပန်းများ ပွင့်လန်းပါစေ”

အဖွဲ့အမည်                           =  နွေဦးအားမန်

https://www.facebook.com/share/p/18Up5M9YkQ/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၈)

အသံပြဇာတ်ခေါင်းစဉ်            = “မီးလျှံထက်က CDM”

အဖွဲ့အမည်                  =  အနာဂတ်ပန်းချီဆေးစက်များ

https://www.facebook.com/share/p/19wU21wQ2c/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၉)

အသံပြဇာတ်ခေါင်းစဉ်            = “ထိုရက်စွဲများ၌ လွတ်လပ်ခဲ့သည်”

အဖွဲ့အမည်                   =  Team – Echoes Of Youth

https://www.facebook.com/share/p/164xtxB6VZ/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၁၀)

အသံပြဇာတ်ခေါင်းစဉ်            = “သံမဏိလိပ်ပြာ”

အဖွဲ့အမည်                           =  Colourful

https://www.facebook.com/share/p/1KH9QX1b51/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၁၁)

အသံပြဇာတ်ခေါင်းစဉ်            = “၂၁ ရာစုမြေစာပင်”

အဖွဲ့အမည်                  =  တော်လှန်သံချီအဖွဲ့

https://www.facebook.com/share/p/15xwZHX5pv/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၁၂)

အသံပြဇာတ်ခေါင်းစဉ်            = “မီးအိမ်ရှင်”

အဖွဲ့အမည်                  =  Spirit of the Summer

https://www.facebook.com/share/p/19536VAanG/

 

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ် (၁၃)

အသံပြဇာတ်ခေါင်းစဉ်            = Death No More(အသေအပျောက်မရှိ)

အဖွဲ့အမည်                    =  တော်ဝင်ခွပ်‌ဒေါင်း

https://www.facebook.com/share/p/16ckSXdTCR/