စစ်ကောင်စီဖွဲ့စည်းထားတဲ့ စီမံအုပ်ချုပ်ရေးကာင်စီဝင် ဒေါက်တာမှုထန် ရဲ့ ပိုင်ဆိုင်မှုတွေကို CDF Thantlang ကသိမ်း

Author CJ Platform
Categories
Published on Mar 25, 2025

ချင်း‌တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defence Force Thantlang (CDF TT ) က စစ်ကောင်စီနဲ့ ပူးပါင်းပြီး စစ်ကောင်စီဖွဲ့စည်းထားတဲ့ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မှုထန်ရဲ့ ပိုင်ဆိုင်မှုတွေကို မတ်လ ၂၄ ရက်နေ့က အပြီးတိုင် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ CDF TT ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ ထန်တလန်ရဲ့ ထိန်းချုပ်ရာနယ်မြေအတွင်း ရှိနေတဲ့ ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံ၊ မြေ အားလုံးကို အပြီးတိုင်သိမ်းဆည်းတာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း လိုအပ်သလို သုံးစွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထန်တလန်မြို့ တစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီကို အားပေးသလို ပြည်သူလူထုအပါ် ရက်စက်စွာ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွမှာ တက်တက်ကြွကြွပါဝင်ဆာင်ရွက်ခဲ့တာကြောင့် အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ CDF ထန်တလန်ရဲ့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

အခုလို သိမ်းဆည်းထားတာတွေကို နောင်တက်လာမယ် ပြည်သူ့အစိုးရသစ်လက်ထပ်ကြမှ ထပ်မံလွှဲ ‌ပြောင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က ကောင်စီဝင်အဖြစ် ခန့်အပ်ခံရတဲ့ ပူဂင့်ကမ်းလျန် က  ခန့်အပ်ခံရမှုအပေါ် လက်မခံဘဲ ငြင်းဆန်ခဲ့သည့်အတွက်   ဒေါက်တာမှုထန် ကို အဲဒီနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ   အစားထိုးခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒေါက်တာမှုထန်ဟာ ချင်းပြည်၊ ထန်တလန်မြို့နယ်၊ ကြောင်းထီးယားရွာမှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကာ အမျိုးသားညီလာခံမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့အပြင် အဖွဲ့ဝင် (၄၅) ဦးပါ  ပြည်လုံးကျွတ်ဆန္ဒခံယူကျင်းပရေးကော်မရှင် တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

 

အဲဒီနောက်မှာတာ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်ရဲ့ ဟားခါးမြို့ရှိ နေအိမ်ကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်တယ်လို့ CDF – Hakha က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့ပါသးတယ်။

 

လက်ရှိမှာ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရတဲ့အထဲ ဒေါက်တာမှုထန်လည်း ပါဝင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news