မြင်းခြံမြို့၊ ဆခမကျောင်းဆရာတော် စစ်ကောင်စီပစ်ခတ်မှု သက်ဆိုင်ရာ PDF အဖွဲ့ ဘာပြောလဲ?

Author ကိုထားဝယ်
Categories
Published on Jun 24, 2024

ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီခွဲခန့်မှာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့ပတ်လမ်းဖြစ်တဲ့ မောင်ရင်မောင်နဲ့ ဆခမ အကြားမှာ အရေးပေါ်လူနာလိုက်ပို့တဲ့ ဆခမကျောင်းဆရာတော်ရဲ့ လူမှုကူညီရေးအသင်းကားကို ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်လိုက်ပြန်ပါတယ်။ ဒီဖြစ်စဉ်ကိုလည်း PDF တွေလုပ်တာလို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုနေပြန်ပါတယ်။ ဒါကြောင့် အဲဒီက နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၉) Myingyan Black Tiger(MBT)အဖွဲ့ကနေ စုံစမ်းသိရှိခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို CJ Platform သတင်းဌာနက ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

“MBT ရဲ့ တုံ့ပြန်ချက်”

 

  • မြင်းခြံ ဆခမဆရာတော် ဥူးဥတ္တမ လူနာလာပို့တဲ့ကိစ္စမှာ စစ်တပ်က ပစ်သတ်ခြင်းဖြစ်ပါတယ်။
  • MBT အဖွဲ့နဲ့လုံးဝ(လုံးဝ)မသက်ဆိုင်ပါ။ MBT အနေနဲ့ ဒီရက်ပိုင်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ပါ။
  • ဖြစ်စဉ်နေရာဟာ MBT တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားရာနေရာမဟုတ်လို့ စွပ်စွဲသူတွေကို စုံစမ်း အရေးယူသွားမယ်။

 

“MBT စုံစမ်းသိရှိခဲ့ရတဲ့ ဖြစ်ရပ်မှန်”

 

  • ဖြစ်စဉ်ကို MBT က စုံစမ်းခဲ့ရာ အခင်းဖြစ်ပွားတဲ့နေ့မှာ မည်သည့်မဟာမိတ်တပ်ဖွဲ့မျှ စစ်ရေးမလှုပ်ရှားခဲ့ပေ။ အခင်းဖြစ်နေရာမှာ စစ်တပ်ကင်းပုန်းတွေသာရှိနေပြီး စစ်တပ်ဘက်ကသာ ကျူးလွန်ခဲ့တာလို့စုံစမ်းသိရှိရပါတယ်။
  • ငါန်းဇွန်နယ်မှာ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကြီးကိုလည်း စစ်တပ်ဘက်ကပစ်သတ်ပြီး PDF လို့စွပ်စွဲခဲ့ပေမဲ့ ဖြစ်ရပ်မှန်ပေါ်ပေါက်လာလို့ နောက်ဆုံးမှာ သူတို့လုပ်တာလို့ ဝန်ခံခဲ့ရပါတယ်။
  • MBT ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးသာ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရဟန်းရှင်လူမိဘပြည်သူတွေဘက် ဘယ်တုန်းကမှ သေနတ်ပြောင်းဝမလှည့်ပါလို့ ထုတ်ပြောလာပါတယ်။

 

ဓာတ်ပုံ – MBT