ရာမညမွန်တပ်တော် တည်ထောင်

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ မွန်အခြေစိုက်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းကြောင်း မေလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီနှစ်ဖွဲ့ ပေါင်းစည်းမှုနဲ့အတူ “ဒပ်မန်ရာမည – ရာမညမွန်တပ်တော်” (Ramonnya Mon Army – RMA) ကိုတည်ထောင်ထားပြီး၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ MLA တို့ကို ပေါင်းစည်းထားပါတယ်။
အသစ်ဖွဲ့စည်းထားတဲ့ NMSP(AD) နိုင်ငံရေးစစ်ရေးကော်မတီမှာ အဖွဲ့ဝင် ၂၆ ဦး ပါဝင်ပြီး ဦးဆောင်အဖွဲ့ ၉ ဦးကို ထပ်မံရွေးချယ်ထားပါတယ်။ ဥက္ကဌအဖြစ် နိုင်ဇေယျ၊ ဒုဥက္ကဌအဖြစ် နိုင်လယီကောင်း၊ အတွင်းရေးမှူးအဖြစ် နိုင်ဗညားလယ် တို့ကို ခန့်အပ်ထားပါတယ်။
RMA ၏ စစ်ရေးဆောင်ရွက်မှုအတွက် စစ်ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် စလွန်းထောကို စစ်ဦးစီးချုပ်အဖြစ် ခန့်ထားပြီး၊ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူး ကြီစိုးဝင်းနဲ့ ဗိုလ်မှူးကြီး ကျည်ဆံ တို့ကိုတာဝန်ပေးထားပါတယ်။
NMSP(AD)/RMA တို့ကတော့ မွန်ပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ စီမံခန့်ခွဲမှုအတွက်နဲ့ စစ်အာဏာရှင်ကိုအမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် အခြားတိုင်းရင်းသားလွတ်မြောက်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – New Mon State Party-AD (Info)